top of page

Digital Marketing For

MYanmar

SMEs

ABOUT Me

Digital Marketing ကို စလေ့လာနေသူများနှင့် Digital Marketing သင်တန်းတက်ဖို့ အခက်အခဲရှိသူများအတွက်

ကျွန်တော် ဒီ Web Site လေးက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်မယ် ရည်ရွယ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လဲ Digital Marketing ကို လေ့လာနေဆဲ လူငယ်တစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်တော် လေ့လာခဲ့၊ သိခဲ့၊ မှတ်သားခဲ့သမျှတွေကို ပြန် Sharing လုပ်ပေးသွားမှာပါ။

About

Bill Gates, Elon Musk, Mark Zuckerberg စတဲ့ ကမ္ဘာကျော်လူတွေမှာ MBA ဆိုတဲ့ ဘွဲ့မရှိပါဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးကို ပြောင်းလဲပေးနိုင်တဲ့ လုပ်ရပ်တွေ

စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါဆိုရင် MBA က မကောင်းဘူးလား။ MBA ဘွဲ့ ကို မလိုအပ်ဘူးလား။ မဟုတ်ပါဘူး။ MBA ဘွဲ့ က မကောင်းတာ မဟုတ်ပါဘူး။

ငွေကြေးတွေ အချိန်တွေ အများကြီး အကုန်ကျခံပြီး MBA တက်ပြီးတော့မှ ရလာတဲ့ အသိပညာတွေကို လူတွေက အသုံးမချကြတာပါ။

▪ Education or Degree

 Rich Dad, Poor Dad စာအုပ် ရေးသားခဲ့သူ Robert Kiyosaki က “Schools teach Children How to Become Employees” ကျောင်းတွေက ကလေးတွေကို အကောင်းဆုံး ၀န်ထမ်းတွေ ဖြစ်အောင် လေ့ကျင့်ပေးနေပါတယ်လို့ ပြောသွားခဲ့တယ်။ ကျွန်တော်တို့ ကျောင်းတက်နေတာဟာ ပညာလိုချင်လို့ လား။ ဒါမှမဟုတ်

အလုပ်ခွင်မှာ နေရာတစ်ခုရဖို့ လား မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

▪ Self-Education

 My Personal MBA စာအုပ်ရေးသားသူ Josh Kaufman က သူ့ အလုပ်ခွင်မှာ Assistant Manager ရာထူးအဖြစ် လုပ်ကိုင်စဉ် အခါကပတ်ဝန်းကျင်က လုပ်ဖော်

ကိုင်ဖက်တွေဟာ MBA ရပြီးသားသူတွေ ဖြစ်တဲ့အတွက် စိတ်အားငယ်စိတ် ပေါ်လာခဲ့ပါတယ်။ Josh က MBA ပြန်တက်မယ်ဆိုရင် အနည်းဆုံး အချိန် နှစ်နှစ်နဲ့ 

ကန်ဒေါ်လာ ၁ သိန်း ကုန်ကျမှာ ဖြစ်တဲ့အတွက် ဝေခွဲမရဖြစ်နေပါတယ်။ Josh ရဲ့ ဆရာ Charlie ကကျောင်းပြန်တက်မယ့်အချိန်တွေကို ကိုယ့်ဘာသာ ကြိုးစား

လိုက်မယ်ဆိုရင် ပိုအောင်မြင်မယ်လို့ ပြောလိုက်တဲ့အခါမှာ Josh က စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုခဲ့ပြီး MBA မတက်ရပဲ စီးပွားရေး လုပ်ငန်းတိုင်းမှာ တူညီတဲ့ Fundamentals တွေကို တွေ့ ရှိခဲ့ပါတယ်။

Contact
bottom of page