အချစ်ဆိုတာ
- ရဲသစ်သွေး
- Oct 12, 2018
- 1 min read

တစ်နေ့ အင်တာဗျူး တစ်ခုမှာပေါ့ သတင်းထောက်က မေးလိုက်တယ် “ဂျက်မားက ရုပ်ဆိုးတယ်နော် ဘာလို့သူ့ကို ရွေးချယ်ခဲ့တာလဲ သူမအောင်မြင်ခင် ကျောင်းဆရာဘဝထဲက သူ့ကို ရွေးချယ်ခဲ့တယ်ဆိုတော့ ငွေကြေးကြောင့်တော့မဖြစ်နိုင်ဘူး ဘာကြောင့်လည်း ကျွန်တော်တို့သိပါရစေ” သူမ ရိုးရိုးရှင်းလေးပဲ ဖြေလိုက်တယ် “ဂျက်မားက ရုပ်ဆိုးပါတယ် ဒါပေမယ့် အလုပ်ကြိုးစားတယ် လုပ်ရည်ကိုင်ရည်ရှိတယ် အောင်မြင်ဖို့အတွက်အမြဲကြိုးစားနေတာဘဝအာမခံချက်တစ်ခုရှိတယ် အဲ့ဒီဘဝကို ကျွန်မပုံဖော်ပေးချင်လို့ပါ”တဲ့ အခုခေတ်မှာ လူငယ်တွေ အချစ်ဆိုတာကြီးကို အထင်မြင်လွဲလာကြတယ်။
တစ်ပတ်ကို သုံးကြိမ်လောက် ရုပ်ရှင်ကြည့် ဟိုဆိုင်သွားစား ဒီဆိုင်သွားစားတာကို ကျွေးနိုင်မှ အချစ်လို့ ထင်လာကြတယ် အရုပ်လေး ဝယ်ပေး ဟိုဟာဝယ်ပေး နိုင်မှ အချစ်လို့ထင်လာကြတယ် လူအများကြားမှာ အနမ်းတွေပေး ဖက်ပြနေမှအချစ်လို့ထင်လာကြတယ် Sex ကိုပျော်စရာအဖြစ် သတ်မှတ်လာကြတယ်။
သူတို့ဆီမှာ အနာဂတ်ကိုမတွေးတော တစ်ဘဝစာထက် တစ်ခဏတာကြားမှာ ပျော်မြူးလာကြတယ် အရည်အချင်းထက် ရုပ်ရည်ကို ဦးစားပေးလာကြတယ်။ တစ်ကယ်တော့ အချစ်ဆိုတာ မိသားစုတစ်ခုလိုပါပဲ ဒုက္ခနဲ့သုခ,မျက်ရည်နဲ့ ရယ်သံ,ကျရှုံးမူနဲ့ အောင်မြင်မူကြား ကိုယ့်ဘက်က အမြဲရပ်တည် ရှိနေပေးတတ်ကြသူတွေပါ။ အောင်မြင်တဲ့ယောင်္ကျားတွေရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတွေရှိတယ် ထက်မြတ်တဲ့မိန်းမတွေ ဘေးမှာလည်း အောင်မြင်တဲ့ ယေင်္ကျားတွေရှိကြတယ်။ ဘဝအာမခံချက်ဆိုတာ ကိုယ်တိုင်ဖန်တီးရတဲ့အရာပါ ဘယ်အာမခံ company မှ ခုံဖိနပ်တစ်ရံကို ဒေါ်လာသန်းချီမပေးနိုင်သလို ထီမထိုးပဲထီပေါက်ချင်, အပင်မစိုက်ပဲ အသီးစားချင်, ပါရမီမဖြည့်ပဲ အောင်မြင်တဲ့ယောင်္ကျားတွေကို မမျှော်လင့်ချင်ပါနဲ့ Ready made တွေက ဘယ်အရာမှ မကောင်းဘူး။
ဘဝမှာ ဟင်းကောင်းကောင်းစားရုံ, အလှပြင်ရုံသက်သက်လူဖြစ်လာတဲ့ သာမာန်မိန်းမတွေဟာ အောင်မြင်ပြီးသားယောင်္ကျားတွေကိုရှာပြီး သူတို့ဘဝကို တည်ဆောက်ချင်ကြတယ်။
ထက်မြတ်တဲ့မိန်းမတွေကတော့ သူတို့တကယ်ချစ်တဲ့သူနဲ့သာ ဘဝကိုရုန်းကန်လှုပ်ရှား ဖေးမကူညီရင်း အောင်မြင်တဲ့ယောင်္ကျားတွေရဲ့ အရေးပါတဲ့ မိန်းမတွေဖြစ်ချင်ကြတယ် ငွေတစ်ထောင်ကို တစ်သောင်းဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲစဉ်းစားမယ့်အစား ဘယ်လိုဖြုန်းရမလဲ စဉ်းစားနေတဲ့လက်တွဲဖော်ရှိရင် ခုထဲက လက်တွဲဖြုတ်လိုက်ပါ။ သင့်ဘဝရဲ့ ပါရမီဖြည့်ဘက် ဘယ်တော့မှဖြစ်လာမှာ မဟုတ်လို့ပါပဲ ကျွန်တော်ကိုယ်တိုင် အဲ့လိုမိန်းကလေးရှာမတွေ့သေးဘူး။ မိန်းကလေးပေါင်းမြောက်မြားစွာရှိပေမယ့် ပါရမီဖြည့်ဘက်ကတော့ ရှားပါးလွန်းလှပါတယ် ကိုယ်တွက် ပါရမီဖြည့်ဘက်ကို ထိုင်စောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်သေးပါဘူး အချစ်ဆိုတာ ဒါပါပဲ ။
Credit:Apso Alcantara
Comentarios