Social Media Strategy ဘယ်လိုဆွဲရမလဲ?
- ရဲသစ်သွေး
- Oct 12, 2018
- 1 min read

Facebook မှာ Boost လုပ်ရုံနဲ့ Social Media Marketing က ပြီးပြီ .. ပြည့်စုံသွားပြီဆိုရင်တော့ မှားပြီဗျာ.. Strategy & Planning အစတည်းက မရှိခဲ့ရင် အမှောင်ထဲ စမ်းတဝါးဝါးလျှောက်သွားနေသလို ဖြစ်နေမှာ..
Strategy မရှိဘဲ သွားရင် ဘာဖြစ်မလဲ.. ပန်းတိုင်ကိုတော့ ရောက်တော့ ရောက်မယ်.. တစ်ခုပဲ.. ရောက်သွားတဲ့ ပန်းတိုင်က ကိုယ်တကယ်ရောက်ချင်တဲ့ ရောက်သင့်တဲ့ ပန်းတိုင် မဟုတ်တာလေးပဲ ရှိတယ် 😂
ထားပါတော့.. လေမဖောနေတော့ဘူး Strategy ဘယ်လိုဆွဲမလဲ ဆိုတောလေး ဆက်သွားလိုက်မယ်..
ဒီအဆင့်လေးတွေတိုင်း သွားရမယ်
(1) Social Network ရွေးချယ်ရပါမယ် သူများ Facebook တိုင်း လိုက် Facebook လုပ်နေလို့ မရဘူးရယ်.. ကိုယ်ရောင်းမယ့် ပစ္စည်းကို ဝယ်မယ့် သူတွေက ဘယ် Social Network မှာ အများဆုံး ရှိလဲ သိရမှ ဖြစ်မှာ
(2) Profile တည်ဆောက်ရမယ် Social Network ရွေးပြီးပြီဆိုရင် သက်ဆိုင်ရာ Network တွေမှာ Profile တွေ Page တွေ Account တွေ Setup လုပ်ရပါမယ်။ ဒိမှာ လိုအပ်မယ် ထင်သမျှ၊ ကိုယ့်မှာရှိသမျှ info တွေ အကုန်အပြည့်သာ ဖြည့်ထားပါ.. ဖုန်းနံပါတ်၊ လိပ်စာ၊ အီးမေးလ်၊ website ရှိသမျှပေါ့။
(3) Tone of Voice ရွေးပါ နောက်တစ်ဆင့်.. ကိုယ့်ရဲ့ target audience ကို စကားပြောမယ့် tone ကို ရွေးပါ.. ဒီ Tone ဟာ Content ဖန်တီးရာမှာရော Customer Service လုပ်ရာမှာပါ အသုံးဝင်မှာပါ.. လူငယ်တွေအတွက် ရည်ရွယ်မယ် ဆိုရင် ဘယ်လို TOV ကို သုံးမလဲ? လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ရင်ရော ဘယ်လို TOV ကို သုံးမလဲ?
(4) Posting Strategy တည်ဆောက်ပါ Social Network ရပြီ .. Profile ဆောက်ပြီးပြီ.. TOV ရပြီ.. ဒါဆို Post တင်လို့ရပြီပေါ့.. Ok.. တင်ဖို့အတွက် Strategy တော့ လိုတယ်.. - ဘာတင်သင့်သလဲ( ဆောင်းပါး? ပုံ? Video?) - ဘယ်နှကြိမ် တင်သင့်လဲ (တစ်ပတ်တစ်ကြိမ်? တစ်နေ့တစ်ကြိမ်?) - ဘယ်ချိန်တင်မှာလဲ (မနက်? နေ့လည်? ညနေ?)
(5) Analyze လုပ်ပါ အိုကေ... တင်ပြီးရင်တော့ ပြန်ကြည့်ရမှာပေါ့.. ကိုယ်တင်တာတွေ မှားနေလား မှန်နေလား၊ အခြေအနေကောင်းလား ဘယ်သူမှ ဂရုမစိုက်ဘူးလား၊ လုပ်ချင်ရာတွေလုပ်နေမိလား၊ audience အတွက် ရည်ရွယ်ထားတဲ့ post တွေ တင်နေတာဟုတ်ရဲ့လား?
(6) Automate ပြီးပြီဆိုရင်တော့ အစကနေ အဆုံးထိ အလိုအလျောက် လုပ်ပေးမယ့် စနစ်တစ်ခုကို တည်ဆောက်ပါ.. ရှိပြီးသား tools တွေကိုလဲ ဝယ်သုံးလို့ရပါတယ်.. အဓိကက ဒီ strategy ဆွဲတဲ့ဆီမှာ တစ်ခါအချိန်ပေးပြီးသွားရင် တခြားအရေးကြီးတဲ့ Content ဖန်တီးတာတွေ လုပ်ရဦးမှာဖြစ်တဲ့အတွက် Strategy ကို ခဏခဏ ပြန်လုပ်နေစရာ မလိုအောင် စနစ်တစ်ခု တည်ဆောက်ထားရင် ပိုကောင်းမှာပါ..
နောက်ဆုံးတစ်ခု အရေးကြီးတာကတော့..
Strategy ဆွဲနည်းတော့ သိပြီ.. တကယ်ဆွဲဖို့တော့လိုတယ်.. တကယ်မဆွဲရင်လဲ ရပါတယ်.. Boost ပဲ လုပ်ကြတာပေါ့.. 🤣🤣
Credit - Aung_Mon_Chan #AungMyinThuKwee
Comments